Thursday, May 23, 2013

ငယ်အိပ်မက်



ခုတော့လည်း
ငယ်အိပ်မက်တွေက…

ရည်းစားဦး ကို ပေးခဲ့ဖူးတဲ့ ကတိလို
နောက်ရည်းစားတယောက်က ရေးပေးဖူးတဲ့ ကဗျာလို
အမေ ခဏခဏ မှာခဲ့ဖူးတဲ့ စကားလို
စာအုပ်သေတွေထဲ ခဏခဏ ပါခဲ့ဖူးတဲ့ ‘တရား’ လို
ခေါင်းဆောင်တယောက်ရဲ့ ရင်ထဲအသည်းထဲကလာတဲ့ ငါးမျှားချိတ်လို
ကုလသမ္မဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်လို

ဘယ်တော့မှ
သြော်…ဘယ်တော့မှ….

ကောင်းကင်ကို

Friday, May 10, 2013

ကွင်းပြင်ပ လက်ခုပ်သံ



၁၉၅၈ အလွန် မန်ယူ
၁၉၉၃ အလွန် မိုနီကာဆဲလက်စ်

မြူးနစ်မြို့က လေယာဉ်တစီးနဲ့
ဟမ်းဘတ်မြို့က ဓါးတလက်ဟာ
ဖီးနစ်ငှက်တွေ တကယ် ရှိကြောင်း
သက်သေပြဖူးတယ်။

ကောင်းကင်ကို (၉ မေ ၂၀၁၃)